ကမ်းပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၊ ဘုရားလှုကျေးရွာတွင် (၆.၈.၂၀၂၀)နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ(၁)လုံး၊ လူဦးရေ(၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၁၄၇၀၀)ကျပ်ကိုလည်းကောင်း၊ မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၊ ဒေါင်းကုန်းကျေးရွာတွင် (၆.၈.၂၀၂၀) နေ့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ(၁)လုံး၊ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၀၅၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၄၀၅၀၀)ကျပ်ကိုလည်းကောင်း (၇.၈.၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe/sgw

#‌ayy_mon2020

Source:             ‌ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events