ကမ်းပြိုဘေးပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ (၄-၈-၂၀၂၀)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ‌ခွေးတောက်ချောင်းကျေးရွာနှင့် လန်တာ‌ကျေးရွာစစ်ကုန်းအုပ်စု၊ သဒ္ဓမ္မကွန်း‌ကျေးရွာများရှိ ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၈၀)လုံး၊ ၄င်းအိမ်ထောင်စု(၈၀)စုရှိ လူဦးရေ(၃၀၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၆၄၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၈၆၄၆၈၀၀)ကျပ်အား (၇-၈-၂၀၂၀)ရက်နေ့(၁၆:၃၀)နာရီ အချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးဖြစ်ပွားရာ‌ဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#ayy_aug2020

Source:             အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events