လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့၊ (၀၆:၃၀)အချိန်ခန့်တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျိုင်းခုံရပ်၌ ဖြစ်ပွား ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုနှင့် လူဦးရေစုစုပေါင်း (၅)ဦးတို့ လေဘေးသင့်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာကျပ်(၂၀၀,၀၀၀/-)ခန့်ဖြစ်ပြီး၊ အဆိုပါလေပြင်း ဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ(၁)ပတ်စာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးတို့အား (၇-၈-၂၀၂၀)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#shn_aug2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events