(COVID-19) ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီချိန်မှ (၁၄:၃၀) နာရီထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ (ဂျို့ကုန်း၊ ထုံးဝိုင်းကုန်း၊ ဒေါင့်ကုန်း၊ ညောင်ဝိုင်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျက်ရှိသော (COVID-19) ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ရေဘေး၊ လေပြင်းဘေးနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင် ရန်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထု အား အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

#ar

#ayy_jul2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events