လေပြင်းဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀)ရက်နေ့(၁၉:၂၀)အချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးသွားသော ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်မှ သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀၀၀ဝ/-)ကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၀-၇-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ လက်ဝယ် အရောက် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_jul2020

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events