တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ များဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ထပ်တိုးရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်စုရပ် (၁၂)ခုမှ စုစုပေါင်း တိုက်ပွဲရှောင်အိမ်ထောင်စု(၂၁၉)စု၊ လူဦးရေ (၉၅၉) ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၃၉) အိတ်၊ (၂၀) ပြည်၊ (၄) ဗူးအား (၁၀-၇-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_jul2020

Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events