မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့် ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာနှင့် အုန်းတောကျေးရွာတို့တွင် မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များအား Hand Speaker ဖြင့်လိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#rke_Jul2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events