COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၄:၀၀) နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာအုပ်စု၊ ဒေါင့်ကြီး ဘက်ကျေးရွာ၊ တာလေးဝိုင်းကျေးရွာ၊ ရွှေကျောက်ဝိုင်းကျေးရွာ၊ သရက်ချောင်း(အထက်စု) ကျေးရွာ များသို့ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာ/ရပ်ကွက် နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_Jul2020

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events