ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ လမ်းကူ ကျေးရွာနှင့် မိန်းမလှကျေးရွာတို့၌ (၈-၇-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၁၂) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၄,၅၀၀/-) ကျပ်နှင့် လမ်းကူးကျေးရွာ၌ (၉-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ပြောင်းရွေ့အိမ်ထောင်စု (၃) စုတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၆၁၉,၇၀၀/-) ကျပ်တို့အား (၉-၇-၂၀၂၀) ရက်နေ့ ၊(၁၃:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_Jul2020

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events